အတော်များများအခက်တွေ့နေရတဲ့ တရုတ် Tablet တွေအတွက် Firmware ပြန်တင်နည်းလေးပါ
ဥပမာတစ်ခု ကျွန်တော်ပြောပြပါ့မယ် ဆရာကြီးမဟုတ်တဲ့ ပညာသင်လေးမို့ လွှဲမှားတာများရှိရင်
ကြိုတင်တောင်းပန်အပ်ပါတယ်ခင်ဗျာ MOMO Tablet တွေအတွက် ဆို Firmware က
http://download.ployer.cn/ မှာ မိမိတင်ချင်တဲ့ Tablet အတွက် ဒေါင်းလိုက်ပါ ။ Tablet Model
နဲ့ နောက်ကျောဖက်က တရုတ်စာလေး နဲ့ တိုက်ပြီးဒေါင်းပါ။ အဲဒီ Firmware zip ထဲမှာ
Firmware တင်တဲ့ Tool ပါ တစ်ခါတည်းပါပါတယ် ။ အရင်ဆုံး မိမိ Destop ပေါ်မှာ Firmware zip
ကို ဖြေလိုက်ပါ။ Firmware က .img နဲ့လာပါတယ် Windows XP ဆိုလျှင်ပိုအဆင်ပြေပါသည် ။ Windwos 7 လည်းရပါတယ် Livesuite ကို အရင် Install လုပ်ပါ ။ ပြီးရင် Livesuit ကို Run ပါ ။
Select img ဆိုတဲ့နေရာမှာ Firmware ဖိုင်ထည့်ပါ။ ပြီးရင် Tablet ကို Vol(+) ဖိပြီးကြိုးထိုး
ပြီးရင် power ကို ၁၀ ကြိမ်လောက် အမြန် ဇတ်ဇတ် ( zzzzz ) ဖိပေးပါ။ Livesuit က
မေးလာတိုင်း yes ပဲဖြေပေးလိုက်ပါ တင်နေကြောင်း အစိမ်းရောင်တန်းလေးနဲ့ပြပါလိမ့်မယ်
အဲဒီအစိမ်းတန်းလေး ၁၀၀ ပြည့်ရင်ရပါပြီ ။ အဆင်ပြေကြပါစေဗျာ-
No comments:
Post a Comment